အစိုးရတပ်တည်နေရာ သုံးပုံတပုံနီးပါး ရွှေ့ပေးရန် KNU တောင်းဆို ){ဖတ်ရှုရန်ဒီမှာနှိပ်ပါ}

Friday, April 6, 2012

Home » » စစ်ပွဲ​တွေရပ်ရန် အပါအဝင် (၆) ချက် ​ကေအန်ယူနဲ့​ မြန်မာအစိုး​ရသ​ဘောတူ သို့မဟုတ် မနက်ဖြန်စောင့်နေမယ်

စစ်ပွဲ​တွေရပ်ရန် အပါအဝင် (၆) ချက် ​ကေအန်ယူနဲ့​ မြန်မာအစိုး​ရသ​ဘောတူ သို့မဟုတ် မနက်ဖြန်စောင့်နေမယ်

ဒီဗွီဘီသတင်းဖတ်ခင် ကျနော်အာဘော်လေးနည်းနည်းလောက်ရေးလိုက်မယ်။ ကျနော်ကေအန်ယူခေါင်းဆောင်
မဟုတ်သလို သတင်းထောက်တစ်ယောက်လဲမဟုတ်ပါ။ ဒါပေမယ့် ဒီနေ့တနေကုန် ကျနော်ကေအန်ယူငြိမ်းချမ်း
ဆွေးနွေးပွဲသတင်းကို စောင့်နေတယ်။ လိုက်ရှာနေတယ်။ ကိုယ့်ဘလော့လူလာများချင်လို့ သတင်းအသည်းအ
သန်လိုက်ရှာတာလဲမဟုတ်ပါဘူး။ ကျနော်အဓိကဖတ်ချင်၊လိုချင်၊သိချင်တဲ့အချက်တစ်ချက်မှာ ဒို့ကေအန်ယူခေါင်း
ဆောင်များ ဆွေးနွေးတဲ့အထဲမှာ ´နှစ်ဖက်တပ်နေရာချထားရေးကိစ္စ၊ နယ်မြေသတ်မှတ်ရေးကိစ္စ´အရေးအပါဆုံး
လို့ ကျနော်ထင်ပါတယ်။

ဒီ´တပ်နေရာသတ်မှတ်ရေးကိစ္စ´ဟာ အကောင်အထည်မဖေါ်နိုင်ရင် အခုလုပ်တဲ့ငြိမ်းချမ်းရေးသည် ဘယ်တော့
မှရေရှည်တည်တန့်တဲ့ ငြိမ်းချမ်းရေးတစ်ခုဖြစ်လာမယ်လို့ ကျနော်မထင်ပါ။ အခုလောဆယ်ဆွေးနွေးပွဲမပြီးပြတ်
သေးသည့်အတွက် ထိုအချက်ဖြစ်မလာသေးတာလားဆိုတာလား။ ဒါဆိုမနက်ဖြန်အထိထပ်စောင့်ကြည့်လိုက်မယ်။
ဆွေးနွေးပွဲပြီးလို့ ဒီအချက်မှပါမလာသေးဘူးဆိုရင်၊ ဒါမှမဟုတ် ဒီအချက်ကိုအစိုးဖက်က လက်မခံဘူးဆိုရင် ´ငြိမ်း
ချမ်းရေးဆွေးနွေးပွဲ အနှစ်သာရ` သည် ဘယ်လဲ။ ဘာလဲ။ ဆိုတာကိုပဲမေးရတော့မယ်။

ဒါလောလောဆယ် ကျနော်ခံစားရတဲ့ ´ငြိမ်းချမ်းရေးဆွေးနွေးပွဲ´နဲ့ပတ်သက်ပြီး ရေးသားခြင်းသာဖြစ်ပါတယ်။
သို့သော် ငြိမ်းချမ်းရေးဆွေးနွေးပွဲ-သွားတဲ့ကိုယ်စာလှယ်တွေဟာ ကျနော်ထက် ခေါင်းဆယ်ဆမကသာတဲ့
ပုဂ္ဂိုလ်တွေချည်းပါပဲ။

ကဲ...မနက်ဖြန် မျှော်နေမယ်....


စောအဲအဲ

Published on April 6, 2012 by ဒီဗွီဘီ

ကရင်အမျိုး​သား​အစည်း​အရုံး​ ​ကေအန်ယူနဲ့​ မြန်မာအစိုး​ရငြိမ်း​ချမ်း​ရေး​ ကိုယ်စား​လှယ်​တွေ အပစ်အခတ်ရပ်စဲ​ရေး​နဲ့​ ပတ်သက်တဲ့​ ဒုတိယအကြိမ် ​ဆွေး​နွေး​ပွဲကို ရန်ကုန်မြို့​ ဆီဒိုး​နား​ဟိုတယ်မှာ ဒီ​နေ့​ ဆက်လက်ပြုလုပ်ရာမှာ တိုင်း​ရင်း​သား​ဒေသ​တွေမှာ အပစ်အခတ်ရပ်စဲ​ရေး​ အပါအဝင် အချက် ၆ ချက်ကို သ​ဘောတူခဲ့​တယ်လို့​ ​ကေအန်ယူ ငြိမ်း​ချမ်း​ကိုယ်စား​လှယ်အဖွဲ့​ ​ပြော​ရေး​ဆိုခွင့်​ရှိသူ ပဒိုကွယ်ထူး​ဝင်း​က ​ပြောပါတယ်။

အချက် ၆ ချက်ထဲမှာ တပြည်လုံး​ အပစ်အခတ်ရပ်စဲဖို့​ အထူး​သဖြင့်​ တိုင်း​ရင်း​သား​ဒေသ​တွေမှာ ဖြစ်ပွား​လျှက်ရှိတဲ့​ စစ်များ​ကို အမြန်ဆုံး​ရပ်စဲဖို့​၊​ ​ကြောက်ရွံ့​ခြင်း​ကင်း​တဲ့​ ပြည်သူပြည်သား​များ​ ဘဝဖြင့်​ရပ်တည်နိုင်ရန် အာမခံဖို့​၊​ ပြည်သူပြည်သား​များ​အတွင်း​ ယုံကြည်ရမည့်​ အ​ခြေအ​နေ တည်​ဆောက်ဖို့​၊​ အတင်း​အဓမ္မ အလုပ်ခိုင်း​စေတဲ့​ ပုံစံနဲ့​ အမျိုး​မျိုး​သော ​ငွေ​ကြေး​ကောက်ခံခြင်း​များ​ မပြုလုပ်ဖို့​၊​ နိုင်ငံ​ရေး​အကျဉ်း​သား​များ​ကို အမြန်ဆုံး​ လွှတ်​ပေး​ဖို့​နဲ့​ ပြည်သူပြည်သား​များ​ ဘဝပြန်လည်ထူ​ထောင်​ပေး​ဖို့​ စတဲ့​အချက်​တွေ ပါဝင်ပါတယ်။

ဆွေး​နွေး​ပွဲအပြီး​ နှစ်ဖက်​ခေါင်း​ဆောင်​တွေက သတင်း​ထောက်​တွေနဲ့​ ​တွေ့​ဆုံကာ သတင်း​ စာရှင်း​လင်း​ပွဲ ကျင်း​ပသွား​ခဲ့​ပါတယ်။

အဖွဲ့​ဝင် ၂၁ ဦး​ပါ ​ကေအန်ယူအဖွဲ့​မှာ အ​ထွေ​ထွေ အတွင်း​ရေး​မှူး​ချုပ် ​နော်စီဖိုး​ရာစိန်နဲ့​ စစ်ဦး​စီး​ချုပ် ဗိုလ်ချုပ်ကြီး​ မူတူး​စေး​ဖိုး​တို့​ ​ခေါင်း​ဆောင် ပါဝင်ပြီး​ အစိုး​ရငြိမ်း​ချမ်း​ရေး​ ကိုယ်စား​လှယ်အဖွဲ့​မှာ မီး​ရထား​ဝန်ကြီး​ ဦး​အောင်မင်း​နဲ့​ လူဝင်မှုကြီး​ကြပ်​ရေး​ဌာနက ပြည်​ထောင်စုဝန်ကြီး​ ဦး​ခင်ရီတို့​ ဦး​ဆောင် ပါဝင် ​ဆွေး​နွေး​ခဲ့​ကြပါတယ်။

အစိုးရနဲ့ ကရင်အမျိုးသား အစည်းအရုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိ

2012-04-06

အစိုးရနဲ့ ကေအင်ယူ ကရင်အမျိုးသား အစည်းအရုံးတို့ဟာ တစ်တိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေးနဲ့ တိုင်းရင်းသားနယ်မြေတွေမှာ စစ်မက်ဖြစ်ပွားမှု အမြန်ဆုံး ရပ်ဆိုင်းရေး လုပ်ဆောင်သွားဖို့ သဘောတူညီချက် ရရှိသွားကြပြီလို့ သိရပါတယ်။

AFP

၂၀၁၂ ခုနှစ် ဧပြီလ ၅ ရက်က ကျင်းပသော ညစာစားပွဲ၌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် ကရင်အမျိုးသား အစည်းအရုံး အထွေထွေ အတွင်းရေးမှူး နော် ဇီဖိုးရာစိန်တို့ စကားပြောကြားနေစဉ်။

နှစ်ဘက် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အောင်မြင်မှုတွေနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ရာမှာ အခုလို ကြေညာလိုက်တာ ဖြစ်ပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ ကေအင်ယူ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ရဲ့ ပြောခွင့်ရသူ နော်မေဦးက အစိုးရနဲ့ ရရှိခဲ့တဲ့ သဘောတူညီချက်တွေကို ပြောပြပါတယ်။

နှစ်ဘက်သဘောတူညီချက်မှာ ပါတဲ့အချက်တွေထဲက တချို့မှာ တစ်တိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေးနဲ့ တိုင်းရင်းသားနယ်မြေတွေမှာ စစ်မက်ဖြစ်ပွားမှု အမြန်ဆုံးရပ်ဆိုင်းရေး လုပ်ဆောင်သွားရန်၊ ပြည်သူလူထု ဘ၀လုံခြုံမှုကို အာမခံပေးနိုင်ရန်အတွက် နှစ်ဘက်လိုက်နာရမည့် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ကျင့်ဝတ်များ Code of Conduct ကို သတ်မှတ်သွားရန်အပြင် ပြည်တွင်းမှာ ပုန်းအောင်းနေရတဲ့ ဒေသခံများ သက်ဆိုင်ရာ ကျေးရွာတွေမှာ ပြန်လည်နေနိုင်ရေးအတွက် နှစ်ဘက် ပူးပေါင်းဆောင်ရွက်သွားရန်ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။

မနေ့က ကရင်ပြည်နယ် ဖားအံမြို့က ဆွေးနွေးပွဲမှာ နှစ်ဘက်တပ်တွေ နေရာချထားရေးနဲ့ လိုက်နာရမယ့် စည်းမျဉ်းတွေကို အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ မြန်မာအစိုးရ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီး ဦးခင်ရီ က သတင်းထောက်တွေကို ပြောပါတယ်။

အစိုးရကရော ကရင်အမျိုးသား အစည်းအရုံးကပါ ငြိမ်းချမ်းရေးကို လိုချင်တာဖြစ်တဲ့အတွက် အောင်မြင်မှု ရလိမ့်မယ်လို့လည်း ဦးခင်ရီက ပြောခဲ့ပါတယ်။

ကေအင်ယူ ကိုယ်စားလှယ်အဖွဲ့ဟာ ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။


ကေအဲန်ယူနှင့်မြန်မာ အစိုးရ ပြည်ထောင်စု အဆင့် ဆွေးနွး5_4_2012 night.mp4

Share this games :

0 comments:

Post a Comment