Published on September 3, 2012 by အေးနိုင်
အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းအဖွဲ့ အဆင့်မြင့်တာဝန်ရှိသူတွေ နဲ့ ကရင် အမျိုးသားအစည်းအရုံး ထိပ်တန်းတာဝန်ရှိသူတွေ ဒီနေ့ ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင် ဟိုတယ်မှာ နှစ်ဘက်တပ်တွေ လိုက်နာရမယ့်ကျင့်ဝတ်ကို ဆွေးနွေးကြပါတယ်။
ဆွေးနွေးပွဲမှာ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့က သမ္မတရုံးဝန်ကြီးတွေဖြစ်တဲ့ ဦးအောင်မင်း၊ ဦးစိုးသိန်း၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဒုတိယဥပေဒချုပ် ဦးထွန်းထွန်းဦး၊ စစ်တိုင်းမှူး၊ နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်ပြည်သူ့ လွှတ်တော် ကော်မရှင်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်နဲ့ လွှတ်တော်အမတ်တွေ တက်ရောက်ပါတယ်။

ကေအန်ယူနှင့် အစိုးရ ငြိမ်းချမ်းရေးဆွေးနွေးနေစဉ်
ကေအန်ယူဘက်က အေထွေထွ အတွင်းရေးမှူး နော်စီဖိုးရာစိန်၊ တွဲဖက်စစ်ရေးချုပ် ဗိုလ်မှူးချုပ် စရှာထုဝေါ၊ ဗိုလ်မှူးစောတာမလာဘောနဲ့ ပဒိုအားတိုးတို့ ဦးဆောင်တဲ့ ကိုယ်စားလှယ် ၉ ဦးနဲ့ လေ့လာသူ ၆ ဦးလည်း တက်ရောက်ပါတယ်။
ငြိမ်းချမ်းရေးအကျိုးဆောင် ဦးညိုအုန်းမြင့်က “အဓိကေတာ့ ဥပမာအားဖြင့် ကရင်ပြည်နယ်မှာ ရှိနေတဲ့ မြန်မာတပ်တွေနဲ့ ကေအန်ယူမှာ ရှိနေတဲ့ တပ်တွေအကြားမှာ နှစ်ဖက်လုံး လိုက်နာရမယ့် ကိစ္စ ဖြစ်ပါတယ်။ ဥပမာ အားဖြင့် လူ့အခွင့်အေရး ချိုးဖောက်တဲ့ကိစ္စေတွ၊ တချို့ကိစ္စေတွ က တပ်တွေရဲ့ တဖက်နဲ့တဖက် သံသယ ဖြစ်တဲ့ကိစ္စေတွမှာ ဥပေဒအရ ဖြစ်ရှင်းဖို့။ အမှန်အတိုင်း ပြောရရင်တော့ ဥပေဒအတိုင်း ဖြစ်ရေအာင် နှစ်ဖက်စလုံးက လိုက်နာရမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
ဒီနေ့ ဆွေးနွေးညှိနှိုင်းသေဘာတူညီချက်တွေထဲမှာ နှစ်ဘက်စလုံးက ဆုံးဖြတ်ချက်ချနိုင်တဲ့ တာဝန်ရှိသူတွေ လာရောက်တာဖြစ်တဲ့အတွက် ဆုံးဖြတ်ရာမှာ မေနှးတာတွေ့ရတယ်လို့ ဆိုပါတယ်။
ဥပမာအားဖြင့် ကေအန်ယူဘက်က တင်ပြတဲ့ အပစ်အခတ်ရပ်ဆိုင်းရေးဆိုတဲ့ စကားလုံးအစား အပစ်အခတ်ရပ်စဲလို့ သုံးနှုန်းဖို့ကို အစိုးရကိုယ်စားလှယ်ဘက်က သေဘာတူခဲ့သလို ပြည်ထောင်စုမြန်မာနိုင်ငံတော်လို့ သုံးနှုန်းဖို့ အစိုးရဘက်က တင်ပြချက်ကိုလည်း ကေအန်ယူဘက်က သေဘာတူခဲ့တယ်လို့ ဦးညိုအုန်းမြင့်က ပြောပါတယ်။
နှစ်ဘက်တပ်တွေလိုက်နာရမယ့် ကျင့်ဝတ်ပိုင်းဆိုင်ရာ မူကြမ်းဟာ စာမျက်နှာ ၆၀ ကျော်ရှိတာကြောင့် မနက်ပိုင်းကေန ညေနပိုင်းအထိ ဆွေးနွေးကြရတယ်လို့ ဆိုပါတယ်။
မနက်ဖြန်ကျရင်တော့ နှစ်ဘက်တပ်တွေ နေရာချထားရေးကိစ္စကို ဆွေးနွေးဖို့ စီစဉ် သတ်မှတ်ထားပါတယ်။
0 comments:
Post a Comment