အစိုးရတပ်တည်နေရာ သုံးပုံတပုံနီးပါး ရွှေ့ပေးရန် KNU တောင်းဆို ){ဖတ်ရှုရန်ဒီမှာနှိပ်ပါ}

Friday, December 14, 2012

Home » » ကော့ကရိတ်နှင့် မြ၀တီတွင် ဒီကေဘီအေ ဆန္ဒဖော်ထုတ်

ကော့ကရိတ်နှင့် မြ၀တီတွင် ဒီကေဘီအေ ဆန္ဒဖော်ထုတ်

အဲခေါင်သောင့်
ကချင်ပြည်နယ်အတွင်း ထိုးစစ်အမြန် ရပ်ပေးရန်နှင့် လက်ပတောင်း အရေး သံဃာနှင့် ပြည်သူတို့၏ တောင်းဆိုချက်များကို လိုက်လျောပေးရန် အတွက် ဒီကေဘီအေမှ မြ၀တီမြို့နှင့် ကော့ကရိတ်မြို့တွင် တပြိုက်နက် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ကော့ကရိတ်မြို့တွင် ဗိုလ်မှူးကြီး စောကျော်သက် ဦးဆောင်သည့် ဒီကေဘီအေ အင်အား ၁၀၀ကျော် ပါဝင်ပြီး မြ၀တီမြို့တွင် ဗိုလ်မှူးကြီး စောဆန်းအောင် ဦးဆောင်သည့် ဒီကေဘီအေနှင့် KNU/KNLAငြိမ်းကောင်စီ တပ်ဖွဲ့ဝင်အင်အား ၈၀ကျော် ဆန္ဒဖော်ထုတ်ခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ ဆန္ဒဖော်ထုတ်ခဲ့ကြသည့် တပ်ဖွဲ့ဝင်များသည် လက်နက်အပြည့်အစုံဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြခြင်း ဖြစ်ပြီး အခြားမြို့များမှ ဆန္ဒပြပွဲများလို အာဏာပိုင်များ၏ တားမြစ်ခြင်း၊ စောင့်ကြည့်ခြင်းနှင့် မှတ်တမ်းတင်ခြင်းများ မတွေ့မြင်ရကြောင်းနှင့် လမ်းမပေါ်တွင် ရဲများကိုလည်း မတွေ့မြင်ရကြောင်း မျက်မြင်သက်သေများက ပြောဆိုသည်။

ယခုလို လက်ပတောင်းအရေး ဆန္ဒဖော်ထုတ်ပွဲများ  နိုင်ငံအနှံ ပြုလုပ်ကြရာတွင် ဒီကေဘီအေ ပါဝင်လာသဖြင့် လက်နက်ကိုင်အဖွဲ့အနေဖြင့် ပထမဆုံး ပါဝင်ဆန္ဒဖော်ထုတ်ခြင်း ဖြစ်သည်ဟု သိရသည်။ (အဲခေါင်သောင့်)


ဆန္ဒမဖော်ထုတ်ခင်က မြ၀တီမှာ အတူ တွေ့မြင်ရသည့် ဒီကေဘီအေမှ ဗိုလ်မှူးကြီးစောစောကျော်သက် ဗိုလ်မှူးကြီးစောဆန်းအောင်နှင့် KNU/KNLA ငြိမ်းကောင်စီမှ ဗိုလ်မှူးကြီး အယ်ကော်ထူး
Share this games :

0 comments:

Post a Comment