ကရင်လူမျိုးများ၏ ရိုးရာဟင်းတစ်မျိုးမှာ "တာလပေါ့ဟင်း" ဖြစ်ပါသည်။ ကရင်သက္ကရာဇ်သည် ၂၇၄၈-ခုနှစ်ဖြစ်၏။ ကရင်လူမျိုးတို့သည် လွန်ခဲ့သောနှစ်ပေါင်း နှစ်ထောင်ကျော်က ရှိခဲ့သောလူမျိုးများ ဖြစ်ပါသည်။ ကရင်တာလပေါ့ဟင်းသည် လူမျိုးနှင့်အတူ ပေါ်ပေါက်လာသော ဟင်းဖြစ်၍ "သက်တမ်းရှည်ဟင်း"ဟုဆိုနိုင်ပါသည်။ စားသုံးသူအပေါ်မှာ မူတည်ပြီး တာလပေါ့ဟင်းကို ချက်နိုင်သော အမျိုးအစားများစွာ ရှိသည်။
" အရည်ကျဲတာလပေါ့၊ အရည်ပြစ်တာလပေါ့" နှင့် "နံရံကပ်နိုင်သော တာလပေါ့" ဟင်းဟူ၍ များစွာရှိသည်။ စာရေးသူကိုယ်တိုင် မချက်တတ်သော်လည်း ကရင်ပြည်နယ်- ကရင်ရွာတိုင်း အိမ်သူမများ ချက်တတ်ကြသည်။ တာလပေါ့ဟင်း မချက်တတ်ပါက အိမ်ရှင်မ ကောင်းတစ်ယောက်အဖြစ် ကရင်ဖထီးတို့က အသိအမှတ် မပြုနိုင်ချေ။ အိမ်ရှင်မ ကောင်းတစ်ယောက်ဖြစ်လိုပါက တာလပေါ့ဟင်းချက်တတ်မှ ဖြစ်ပါလိမ့်မည်။
ကရင်အမျိုးသား၊ အမျိုးသမီး(ဖထီး/အမိုး)များတါင် တာလပေါ့ဟင်းကို ကျွမ်းကျွမ်းကျင်ကျင် ချက်တတ်သော ပုဂ္ဂိုလ်များစွာရှိ၏။ စွယ်စုံအရသာနှင့် ချက်ပြီး ပူပူနွေးနွေးထမင်းနှင့် စားမိပါက ထမင်းတစ်ပန်းကန်ပြီး တစ်ပန်းကန် ကုန်သွားမှန်း မသိတော့ပေ။ ကရင်ရွာကို အဝေးကဧည့်သည်များ အလည်ရောက်လာခိုက် ပူပူနွေးနွေး တာလပေါ့ဟင်းနှင့် ထမင်းစားမိပါက ထိုအိမ်၊ ထိုမိသားစု၊ ထိုရွာကို လွမ်းတမြေ့မြေ့ အောက်မေ့တတ်ကြပြီး မမေ့နိုင်တော့ပေ။ တစ်ဦးနှင့်တစ်ဦးလည်း ခင်မင်ရင်းနှီးလာ၏။
ကရင်ရိုးရာ-တာလပေါ့ဟင်းသည် ကရင်ရိုးရာ "မိတ်ဆုံစားပွဲများ၊ ကရင်
နှစ်သစ်ကူးနေ့များ၊ ၀ါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာရက်များ၊ ဘုန်းတော်ကြီးကျောင်း အလှူပွဲများ"
၌ အိုးသူကြီး ဖထီးတို့အတွက် အစွမ်းပြချက်ပြုတ်ခွင့်ရသော ရက်များပင်ဖြစ်ပါသည်။
၎င်းတာလပေါ့ဟင်းတွင် အထူအားဖြင့် "မျှစ်၊ ခရု" ပါဝင်စေပြီး ဘယ်လောက်ပင်စားစား ဝမ်းမပျက်တတ်ပေ။ သဘာဝအစားအစာ မျိုးနွယ်စုဟင်းဖြစ်၍ ကရင်အမျိုးသားတိုင်း ထိုတာလပေါ့ဟင်းကို "ရိုးရာဟင်းအဖြစ်" ချက်ပြုတ်စားသောက်ထိန်းသိန်းနေထိုင်လာကြသည်။
ကမ္ဘာပေါ်တွင် နာမည်ကြီးဟိုတယ်များ၊ စားသောက်ဆိုင်များတွင် ရှာဖွေစားသုံးရန် မတွေ့နိုင်ချေ။ တစ်ချို့ကရင်အမျိုးသားများ မြန်မာ၊ထိုင်း၊ မလေးရှား၊ စင်္ကာပူစသောနိုင်ငံများ၌ ဟိုတယ်ြုကီးတွင် အလုပ် လုပ်နေကြပြီး ဟိုတယ်အစားအစာများကို
သာ နေ့စဉ်စားသုံးရသဖြင့် ရက်ရှည်လများ ငြီးငွေ့လာကြသည်။
" မိမိတို့ မြို့ရွာများသို့ - တာလပေါ့ဟင်းပူပူနွေးနွေး စားချင်လိုက်တာ…" စသည်ဖြင့် တမ်းတမိလာ၏။
မိမိတို့ မိသားစုနှင့် ထမင်းဝိုင်းတွင် အားရပါးရ မြိန်ရေ ရှက်ရေဖြင့် ပျော်ပျော်ပါးပါး စားချင်ကြး၏။ ငယ်စဉ်ဘဝက အစားအသောက်ကို မမေ့တတ်ပေ။ " ကရင်
ဘဝ၊ ကရင်ရိုးရာ၊ ကရင်ဓလေ့ " စားသောက်ဖွယ်ကို မမေ့နိုင်ချေ။ ကရင်လူမျိုးများသည် ကရင်စာကိုဖတ်၍ ကရင်စကားကိုပြောရင်း ကရင်ဝတ်စုံဝတ်ဆင်ကာ ကရင်ဒုံးယိမ်း ကပြီး
သောအခါ ကရင်တာလပေါ့ဟင်း ပူပူနွေးနွေးကို အမောပြေစားသောက်ကြပါက ကရင်ပီသသည်ဟု ရှေးကရင်ပညာရှိလူကြီးများက အဆိုအမိန့် ရှိခဲ့၏။
ထိုအဆိုအမိန့်နှင့်အညီ ယနေ့ကရင်အမျိုးသားတို့၏ မျိုးဆက်သက်တမ်းသည် " နှစ်ပေါင်းနှစ်ထောင်" ကျော်လာပြီ။ သို့အတွက်ကြောင့် ကရင်အမျိုးသားများ ရှိနေလျှင် တာလပေါ့ဟင်းလည်း ရှိရမည်။ " ကရင်အမျိုးသားနှင့် တာလပေါ့ဟင်း " ခွဲခြား၍ မရပါ။ သီးခြားခွဲထုတ်၍လည်း မဖြစ်နိုင်ပေ။ တာလပေါ့ဟင်းကို မေ့ပျောက်ပါက ကရင်အမျိုးသား၏ စိတ်ဓာတ်ကို မေ့ပျောက်သလိုဖြစ်နေလိမ့်မည်။
" သက်တမ်းရှည် ကရင်တာလပေါ့ဟင်း " ကို ကရင်မျိုးနွယ်စုတို့၏ " ရိုးရာအစားအစာ" အဖြစ်ဖြင့် ထိန်းသိမ်းရမည် ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
တေဇော (ငှက်ပျောတော)
Information
Links
- ဘီဘီစီ
- ဗွီအိုအေ
- လွတ်လပ်သည့် အာရှအသံ
- ဒီမိုကရက်တစ် မြန်မာ့အသံ
- ခေတ်ပြိုင်
- မိုးမခ
- ဧရာဝတီ
- မဇ္ဈိမ
News Center {မြန်မာသတင်းဌာန}
- Karen News
- ကွယ်ကလု
- ကေအိုင်စီ
- ကိုးဒီသွေး
- ဇွဲကပင်
- အဲခါန်.သင့်(ဆစ်ဒနီ)
- ဖူ့တာမိက်
- မန်းကိုကို
- စောဍုံလွေဝ့်
- မြစ်နဒီကိုးသွယ်
- KNL Jpan
- စောဆိုအဲထအောင် (ဆိုဒ်အဲထ်ုအင်)
- မန်းဧရာ
- စောကျော်လေး
- ဒေါင်းပျိုလှလှအားမာန်
- ပထီးပကော်
- စောဖိုးဇော်
- ဇွဲကပင်(KDA)
- ထောမဲပါ
- ဒေါနမြေ
- မျိုးချစ်ကရင်
- မူ.ယံင့်ဖါန်
- ကရင်အမျိုးသား မိတ်သဟာယအဖွဲ့ (ကိုးရီးယား)
- OKRSO's Family
- ကရင်လူငယ်အစည်းအရုံး (ကိုးရီးယား)KYO
- ယံင့်၀၀်
- အမိကရင်မြေ
- စောဇော်လတ်
- ဘာဘလျူးမူး
- ဖားစည်သံ
KarenBloggers for News
- VOA Learning English
- BBC Learning English
- Spotlight Radio
- Free Language Online
- Technical Seven
- Easy Learning English
- Myanmar E Dictionary
- Englsih M Dictionary
- Learning English Utube
- Free English
- New Cutting Edge
- Headway English
- Spoken English
- English Files
- Learn4good English
- Non-stop English
- British English
- To learn English
- www.eslyes.com
Learning Center {အင်္ဂလိပ်စာလေ့လာရန်}
- စောလင်းနက်စ်
- မူယွန့်ဖါန်
- အဲလာ
- စောဇော်မင်းထွန်း
- ဇွဲကပင် (ကျော်ခရော့စ်)
- သင့်အတွက်မနက်ဖြန်
- Karen IT Group
- ထောမဲပါ (ကော်သူလေး)
- စောလင်းနက်စ်(မာလတီ)
Karen IT Bloggers {နည်းပညာကရင်ဆိုက်များ}
Labels
- All Post {လိက်ခေါဟ်တင်} (1)
- article (လိက်သာထိင်) (26)
- International (1)
- Karen Song (1)
- karenhistory (မေံင်စိင်) (35)
- news (ဆ်ုပြိုင့်) (149)
- photo (7)
- poem (လ်ုဝါ်) (5)
- Translation (1)
- video (8)
0 comments:
Post a Comment