အစိုးရတပ်တည်နေရာ သုံးပုံတပုံနီးပါး ရွှေ့ပေးရန် KNU တောင်းဆို ){ဖတ်ရှုရန်ဒီမှာနှိပ်ပါ}

Thursday, July 19, 2012

Home » » ဒေါ်အောင်ဆန်းစုကြည် အကြောင်းကို သင်ကြားရန် ထိုင်းပညာရေးမှပြဌာန်း

ဒေါ်အောင်ဆန်းစုကြည် အကြောင်းကို သင်ကြားရန် ထိုင်းပညာရေးမှပြဌာန်း

ရွှေဟင်္သာသတင်းဌာန ထိုင်းနိုင်ငံ စာသင်ကျောင်း များတွင် မူလတန်း အဆင့် ၄ တန်း ကျောင်းသူ/သားများ၏ လူမှု့ရေး ဆိုင်ရာ ဘာသာရပ်တွင် အရှေ့တောင် အရှဒေသ နိုင်ငံများ အတွင်းမှ လူ့အခွင့်အရေး လှုပ်ရှား ဆောင်ရွက်မှုဖြင့်ထင်ရှားကျော်ကြား သောခေါင်း ဆောင်များ အကြောင်းနေရာတွင် ဒေါ်အောင်ဆန်းစုကြည် အကြောင်းကို သင်ကြားရန် ပြဌာန်းလိုက်ပြီး ဖြစ်ပါသည်။ အလားတူ နိုင်ငံတကာမှ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး အလွှာ အသီးသီးနှင့် နိုင်ငံတကာ မီဒီယာ အားလုံး နီးပါးလောက်မှာ ဒေါ်အောင်ဆန်းစုကြည် ရဲဝံ့စွာ အမျိုးသား ရင်ကြားစေ့ရေး၊ ဒီမိုကရေစီ စနစ်ဖြင့် ခြွတ်ချုံကျ ဘုံးဘုံးလဲနေသော မြန်မာပြည်ကို တိုးတက် မြုင့်မားဖို့ လုပ်ဆောင်နေတဲ့ အကြောင်း ဂုဏ်ပြုပြောဆို ဖေါ်ပြနေကြပါသည်။ သို့သော်လည်း နောက်ပြန် မလှည့်ပါဘူး ဆိုတဲ့ အစိုးရ သစ်ပိုင် မီဒီယာတွေမှာ ဖေါ်ပြထားခြင်း မရှိသေးပါဘူး။ ခုတော့ အိမ် နီးချင်း ထိုင်းနိုင်ငံက လေးစား စံပြုထိုက်သူရဲ့ အကြောင်းကို ကျောင်းသင်ခန်းစာတွေမှာ ပြဌာန်း လိုက်တာကတော့ မြန်မာနိုင် ငံ အစိုးရနဲ့ ပညာရေး ဌာနအတွက် အရှက်ရစရာတခု ဖြစ်လာခဲ့ပါပြီ။ ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်းသည် မင်္ဂလာတရားပင် ဖြစ်ကြောင်း မြတ်ဗုဒ္ဓကဟောပါသည်။ မင်္ဂလာ မရှိသော သူတွေသည် မင်္ဂလာပြုမည် မဟုတ်သည်ကို ထင်ရှားစေပါသည်။ ကမ္ဘာပေါ်၌လည်း ဆုအများဆုံး ချီးမြုင့် ခံရသူ တဦးဖြစ်သည့် ဒေါ်အောင် ဆန်းစုကြည်သည် မကြာခင် အမေရိကန်နိုင်ငံကို သွားရောက်ပြီး ဆုလက်ခံရရှိဦးမည် ဖြစ်ပါသည်။
Share this games :

0 comments:

Post a Comment