အစိုးရတပ်တည်နေရာ သုံးပုံတပုံနီးပါး ရွှေ့ပေးရန် KNU တောင်းဆို ){ဖတ်ရှုရန်ဒီမှာနှိပ်ပါ}

Sunday, July 1, 2012

Home » » ကလိုထူးဘော ကရင်အစည်းအရုံး-KKO ၏ ဆေးခန်းဖွင့်ပွဲ ကျင်းပပြီးစီး

ကလိုထူးဘော ကရင်အစည်းအရုံး-KKO ၏ ဆေးခန်းဖွင့်ပွဲ ကျင်းပပြီးစီး

ဥက္ကဋ္ဌအဖြစ် မန်းရောဘတ် ဘဇန်၊ စစ်ဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်စောလားပွယ်တို့ ဦးစီးသော ကလိုထူးဘော
ကရင်အစည်းအရုံး (KKO) မှ ကော့ကရိတ်မြို့နယ်၊ တာ့အူးထာ့ကျေးရွာ ရှိ ဆောက်လုပ်ပြီးခါစ ဆေးခန်းကို
ယမန်နေ့ ၃၀-၀၆-၂၀၁၂နေ့တွင် ဖွင့်ပွဲ အခမ်းအနား ကျင်းပပြီးစီးသွားပြီဖြစ်သည်။

၎င်းဆေးခန်းဖွင့်ပွဲတွင် မြန်မာဘက်မှ ဗိုလ်မှူးကြီးထွန်းသန်းအုန်း (နည်းဗျူဟာမှူး၊ အမှတ်(၁) နည်းဗျူဟာစစ် ဆင်ရေးကွပ်ကဲမှုအဖွဲ့ ရှေ့တန်းအမှတ်(၁၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊) နှင့် ဗိုလ်မှူးသက်နိုင်ဌေး(တပ်ရင်းမှူး
အမှတ် (၁၀၆)ခြေလျှင်တပ်ရင်း၊) တို့ တက်ရောက်အားပေးခဲ့ပြီး ကလိုထူးဘော ဒီကေဘီအေ အဖွဲ့မှ ဗိုလ်ချုပ်၊
ဗိုလ်မှူး စုံလင်စွာ တက်ရောက်ခဲ့ကြောင်းလည်း သိရပါသည်။

၎င်းဆေးခန်းကို KKO ဌာနချုပ်မှ သင်တန်းပြီးစီးသွားသော သင်တန်းသူ/သင်တန်းသား(၆)ဦးက ကြီးကြပ်
ကာ ဆေးကုသပေးမည်ဖြစ်ကြောင်းလည်း ဥက္ကဋ္ဌ မန်းရောဘတ်ဘဇန်မှ ပြောကြားသွားပါသည်။


ဆေးခန်းဖွင့်ပွဲ မှတ်တမ်းဓါတ်ပုံများ...





KKO ဥက္ကဋ္ဌ မန်းရောဘတ် ဘဇန် နှင့် ၄င်း၏နေအိမ်


Ref : ကိုးဒီသွေးဘလော့မှ ကူးယူဖေါ်ပြသည်
Share this games :

0 comments:

Post a Comment