အစိုးရတပ်တည်နေရာ သုံးပုံတပုံနီးပါး ရွှေ့ပေးရန် KNU တောင်းဆို ){ဖတ်ရှုရန်ဒီမှာနှိပ်ပါ}

Saturday, October 6, 2012

Home » , » ဗိုလ်ချုပ်ထိန်မောင်လို ဗိုလ်ချုပ်မူးတူးစေးဖိုး ခွဲထွက်နိုင်

ဗိုလ်ချုပ်ထိန်မောင်လို ဗိုလ်ချုပ်မူးတူးစေးဖိုး ခွဲထွက်နိုင်

ကိုးဒီသွေး

KNU ဗဟိုဌာနချုပ်မှ တာဝန်ကနေရပ်ဆိုင်းခံလိုက်ရတဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်မူးတူးစေးဖိုးဟာ ဗိုလ်ချုပ်ထိန်မောင်လိုပဲ ခွဲထွက်ပြီး ငြိမ်းချမ်းရေးယူဖို့ အလားအလာရှိနေတဲ့အကြောင်း၊ တကယ်လို့အဲလိုခွဲထွက်မယ်ဆိုရင် သုံးပုံတပုံလောက် အင်အားပါသွားနိုင်ကြောင်း၊
ယခုလောလောဆယ်မှာ တပ်မဟာ(၄)နဲ့ တပ်မဟာ(၆)က ဗဟိုဌာနချုပ်နဲ့ အဆက်ဖြတ်လိုက်ပြီ
ဖြစ်ကြောင်း KNU အသိုင်းအ၀ိုင်းနဲ့ နီးစပ်တဲ့သူတွေရဲ့ အဆိုအရ သိရပါတယ်။

ကရင့်အမျိုးသားအစည်းအရုံးကို အကွဲအပြဲ မဖြစ်ချင်တာကလွဲ၍ ဗိုလ်ချုပ်မူးတူးစေးဖိုးကို ထုတ်ပယ်လိုက်ခြင်းဟာ မှန်ကန်သောဆုံးဖြတ်ချက်ဖြစ်ကြောင်း ပြည်ပရောက်ကရင်အများစုကလည်း
ပြောဆိုနေကြတာကို တွေ့ရပါတယ်။

ဒီလိုဆုံးဖြတ်ရခြင်းဟာ EC အစည်းအဝေးခေါ်ယူပြီး လွယ်လွယ်နဲ့ဆုံးဖြတ်ထားတာတော့ မဟုတ်ပါဘူး။
ဗိုလ်ချုပ်မူးတူးစေးဖိုးဟာ အရေးကြီးတဲ့ခုလို ငြိမ်းချမ်းရေး ဖေါ်ဆောင်တဲ့ကာလမှာ  ဗဟိုဌာနချုပ်နဲ့ အဆက်အသွယ်မလုပ်တဲ့အပြင် မိမိဘာသာ အာဏာရှင်ဆန်ဆန် တဇွတ်ထိုးလုပ်ပြီး အဖွဲ့အစည်းရဲ့ စည်းမျဉ်းစည်းကမ်းဘောင်နဲ့ မကိုက်ညီတဲ့အတွက်လည်း ဖြစ်ပါတယ်။

ဗိုလ်ချုပ်မူးတူးစေးဖိုးဟာ သူ့ကိုယ်သူ ရန်သူရဲ့ မာယာထောင်ချောက်ထဲ ရောက်လို့ရောက်မှန်းမသိ
ဖြစ်နေပြီး ဘားအံမှာ ဆက်ဆံရေးရုံးဖွင့်ပွဲပြီးတာနဲ့ ပြန်လှည့်မလာပဲ ရန်ကုန်အထိဆက်သွားခဲ့ပါတယ်။
ဒါဟာ ယခုတခေါက်တည်းလည်း မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ပထမ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတုန်းကလည်း
နေပြည်တော်အထိ ခရီးဆန့်ခဲ့တာကို အမှတ်ရကြမှာပါ။

ကရင်လူမျိုးအတွက် နှစ်(၆၀)ကျော် တိုက်လာခဲ့တဲ့ KNU အဖွဲ့အစည်းအနေနဲ့ နိုင်ငံရေးစားပွဲဝိုင်း
ရောက်တဲ့အထိ သတိကြီးစွာနဲ့ ဓမ္မဓိဋ္ဌာန်ကျကျ လုပ်ဆောင်နေတာကို ဖျက်ဆီးလိုဖျက်ဆီးငြား
လုပ်နေသူအနေနဲ့ ရန်သူက လက်ခုပ်တီး အားပေးထောက်ခံနေမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲ
ပါဘူး။

အဲဒီတော့ လာမဲ့လ ကွန်ကရက်မှာ KNU နဲ့ ဘယ်လိုနေရာပြန်လည်ပြင်ဆင်ပြီး ဖွဲ့စည်းကြမလဲဆိုတာ
ကရင်လူထုတယောက်အနေနဲ့ စိတ်ဝင်စားမှုရှိသလို မကောင်းသူဖယ် ကောင်းသူကယ်အတိုင်း လုပ်ဆောင်နိုင်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။

ဗိုလ်ချုပ်မူးတူးစေးဖိုးအနေနဲ့ ဗိုလ်ထိန်မောင်လိုပဲ ခွဲထွက်မယ်ဆိုရင်လည်း စီးပွားရေးအရ အမြတ်ထုတ်
နိုင်ပေမဲ့လည်း ကရင်လူထု အတွက်  နိုင်ငံရေးအရ အမြတ်မထုတ်နိုင်ပါဘူး။ အဲဒီတော့ ကရင်လူထုအနေနဲ့ KNU မိခင်အဖွဲ့အစည်းမှတပါး တခြားခိုကိုးရာ မရှိနိုင်ကြောင်း
တင်ပြလိုက်ရပါတယ်။
Share this games :

0 comments:

Post a Comment