အစိုးရတပ်တည်နေရာ သုံးပုံတပုံနီးပါး ရွှေ့ပေးရန် KNU တောင်းဆို ){ဖတ်ရှုရန်ဒီမှာနှိပ်ပါ}

Tuesday, April 10, 2012

Home » » ပဲခူးတိုင်းဒေသကြီး အစိုးရနဲ့ KNU တွေ့ဆုံဆွေးနွေး

ပဲခူးတိုင်းဒေသကြီး အစိုးရနဲ့ KNU တွေ့ဆုံဆွေးနွေး

RFA

မြန်မာအစိုးရနဲ့ သဘောတူညီချက် ရရှိထားတဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး အကောင်အထည်ဖော်ဖို့ ပဲခူးတိုင်း ဒေသကြီး အစိုးရနဲ့ KNU တို့ ဒီကနေ့ တွေ့ဆုံဆွေးနွေး ကြတယ်လို့ သိရပါတယ်။

RFA

၂၀၁၂ ခုနှစ် ဧပြီလ ၆ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း (ယာစွန်)၊ KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ် နော်စီဖိုးရာစိန် (အလယ်)နှင့် နော်မေဦး (ဝဲ)တို့ကိုတွေ့ရစဉ်။

အစည်းအဝေးကို ပဲခူးမြို့မှာ ဒီကနေ့မနက်ပိုင်းက စတင်တာဖြစ်တယ်လို့ KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့က ပြောခွင့်ရှိသူ နော်မေဦးက ပြောပါတယ်။

အစည်းအဝေးမှာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ကို ၀န်ကြီးချုပ် ဦးဥာဏ်ဝင်း ဦးဆောင်တာဖြစ်ပြီး၊ တောင်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်စောညိုလည်း တက်ရောက်ပါတယ်။

အစည်းအဝေးမှာ အပစ်အခတ် ရပ်စဲရေးနဲ့ ပတ်သက်ပြီး နှစ်ဘက်လိုက်နာဆောင်ရွက်ရမဲ့ ကျင့်ဝတ်များ၊ စည်းကမ်းများကို အသေးစိတ် ဆွေးနွေး သဘောတူတယ်လို့ သိရပါတယ်။

Share this games :

0 comments:

Post a Comment